27.12.11

အုန်းပြန့်ကရင်ဒုက္ခသည်စခန်း ကရင်နှစ်သစ်ကူး ဓါတ်ပုံများ

Add caption
Add caption

ကရင့်သက္ကရာဇ် ၂၇၅၁ ခုနှစ်ပြာသိုလဆန်း ၁ ရက် နေ့သည် ကရင်အမျိုးအားလုံးတို့၏ နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်ပါသည်။ပြာသိုလဆန်း၁ရက်နေ့သည်ကရင်လူမျိုးတို့၏ နှစ်သစ်ကူးနေ့ဖြစ်ပါသည်။
ကမ္ဘာအရပ်ရပ်ရှိကရင်လူမျိုးတို့သည်ကရင့်နှစ်သစ်ကူးနေ့ကိုရောက်ရာအရပ်ကနေစည်ကားသိုက်မြိုက်စွာ ကျင်းပနေကြပါသည်။ အခုမြင်နေရတဲ့ ကရင့်နှစ်သစ်ကူးနေ့ ဓါတ်ပုံများသည် အုန်းပြန့်ကရင်ဒုက္ခသည်စခန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေသော ကရင့်နှစ်သစ်ကူးနေ့များ ဖြစ်ပါသည်။ အုန်းပြန့်ကရင်ဒုက္ခသည်စခန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေသော ကရင့်အမျိုးသားနှစ်သစ်ကူး ဓါတ်ပုံများကို ဒီနေရာ ကနေ၀င်ကြည့်နိုင်ပါသည်။ ဒီနှစ် ကရင့်နှစ်သစ်ကူးနေ့သည် ခရစ္စမတ်နေ့(တနင်္ဂနွေ) တိုက်ဆိုင်နေပါသဖြင့် တစ်ချို့သော ကရင်လူမျိုးများ၏ အမြင်နှင့်အယူအဆတစ်ချို့ကို နောက်တင်မည့်ပို့စ်တစ်ချို့များတွင် ကျွန်တော်တင်ပြပေးသွားပါမည် ဖြစ်ပါသည်။ကရင့်နှစ်သစ်ကူးနေ့နှင့်အတူ
ကရင်လူမျိုးများအားလုံး
ပျော်ရွှင်ကြည်နူး၊လိုအင်ဆန္ဒပြည့်ဝပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ နိုင်ပါစေလို့ ဒီနေရာကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။ကျွန်တော့်ရဲ့ ခင်းခါ့သင့်(ပြန်လည်ခြေချမိခြင်း) အိမ်ကို လာလည်သော ညီအစ်ကိုမိတ်ဆွေ၊ဆရာသမား များအားလုံးကိုလည်း စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း....
ဓါတ်ပုံများကို ဒီနေရာ မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။