"ပြည်တွင်းစစ်ကြီး ဖြစ်နေတာတောင်မှ ကြားက
ဒီမိုကရေစီက ဘယ်လိုရသွားတယ် မသိဘူး" ဆိုတဲ့ ဆရာ ချစ်ဦးညိုရဲ့ စကားကို
သေချာ တွေးပြီး အဓိပ္ပါယ်တွေ အများကြီး ပါတယ်လို့ ခံစားမိတယ်။
အရင်
ဗိုလ်ခင်ညွန့် တန်ခိုးအာဏာ ထွားနေတုန်းက “လှေပွဲ၊ နွားပွဲ၊ မြင်းပွဲ၊
မာရသွန်၊ လမ်းဖေါက်၊ တံတားဆောက်၊ ဆည်တူး၊ စက်ရုံဖွင့်၊ ရထားလမ်းဖွင့်၊
လယ်ကွင်းတွေကြည့်”
.. အဲဒါတွေ လုပ်ပြီး တိုင်းပြည်အေးချမ်းနေပါတယ်။ လာဘ်စားတဲ့
ဗိုလ်ချုပ်တွေကိုလည်း အရေးယူပြခဲ့ပါတယ်။ အဲဒီလို တိုးတတ်နေပါတယ်ဆိုပြီး
အမျိုးမျိုး သက်သေပြ သတ်မှတ်ခဲ့တယ်။
ဒီလို
တိုးတတ်နေပါတယ်၊ အေးချမ်းနေပါတယ် ပြောနေရင်းနဲ့ပဲ …. တိုင်းပြည်ဟာ
တဖြေးဖြေးနဲ့ … တချိန်က မြန်မာနိုင်ငံရဲ့ နောက်မှာ ရှိနေတဲ့ .. ဗီယက်နမ်၊
လာအို၊ ကမ္ဘောဒီယား.. ဆိုတဲ့ အိမ်နီးချင်းတွေရဲ့ နောက်ကို ရောက်သွားခဲ့တယ်။
မြန်မာနိုင်ငံသားတွေ တခါမှ မစဉ်းစားဖူးတဲ့ အိန္ဒိယ၊ တရုတ်၊ ယိုးဒယား စတဲ့
နိုင်ငံတွေမှာ ရွေ့ပြောင်းအလုပ်သမား (တနည်း) ခေတ်သစ် ကျွန်ဇာတ်ကို
မြန်မာနိုင်ငံသားတွေ “က” နေကြရတယ်။
အခုလည်း တိုင်းပြည်က ပြောင်းလဲ နေပါပြီ ဆိုပြီး လုပ်ပြနေပြန်တယ်။ ဒါပေမယ့် …
