4.5.11

ပိုးကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲ မှတ်တမ်းဓါတ်ပုံများ


အခုမြင်နေရတဲ့ ဓါတ်ပုံတွေဟာ အုန်းပြန့်ကရင်ဒုက္ခသည်စခန်းမှ နွေရာသီ ပိုးကရင်စာပေနှင့်ယဉ်ကျေးမှု ဓါတ်ပုံမှတ်တမ်းများဖြစ်ပါတယ်။
(28) ကြိမ်မြောက် နွေရာသီ ပိုးကရင်စာပေနှင့် ယဉ်ကျေးမှုကို (2-4-2011 )အုန်းပြန့်စခန်းတွင် အောင်မြင်စွာပြီးဆုံးသွားပါပြီး။ နွေရာသီ ပိုးကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းကို ကျင်းပလာခဲ့တာ အခုဆိုရင် 28 ကြိမ်တောင်ရှိသွားပြီ။ လာမယ့်နှစ်တွေမှာလည်း ကျင်းပနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ဆန္ဒပြုရတဲ့အကြောင်းရှိလို့ ဆန္ဒပြုလိုက်တာပါ။ လာမယ့်နှစ်ကျရင်လည်း ကျွန်တော်တို့ရဲ့ ပိုးကရင်လူကြီးတွေ ဘက်က ဒီထက်မက အားပေးနိုင်ပါစေလို့ ကျွန်တော်(ခင်းခါ့သင့်)စ၀်ဍုံလဲို့ ဒီနေရာကနေတောင်းဆိုလိုက် ပါရစေ။ ကျွန်တော်တို့တွေအတွက် ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ လုံလုံလောက်လောက် ရှိခဲ့ပြီးပြီ။ ထိန်းသိမ်းဖို့တော့ ကျွန်တော်တို့ တာဝန်ပဲ။ ပိုးကရင်စာပေသင်တန်းကို ကရင်အမျိုးသမီးအစည်းအရုံးက တာဝန်ယူ စီစဉ်ပြုလုပ်ခြင်းဖြစ်ပါသည်။ လာမယ့်နှောင်နှစ်တွေများလည်း တာဝန်ယူ လုပ်ပေး နိုင်ပါစေလို့ (သို့) ကျွန်တော်တို့ဘက်က ပိုးကရင် လူကြီးတွေ ဒီထက်မက အားပေးနိုင်ပါစေလို့...။ အများကြီးပြောချင်ပါသေးတယ်......ဒါပေမယ့်..????????မူရင်းဓါတ်ပုံတွေ FACEBOOK မှာပဲ ချိတ်ပေးလိုက်ပါတယ်။အင်တာနက်လိုင်းက အဆင်မပြေတော့ တစ်နေရာတည်းမှာပဲ စုပြီးတင်ပေးလိုက်ပါတယ်။ FACEBOOK က သူငယ်ချင်းတွေအတွက်လည်း အဆင်ပြေသွားတာပေါ့။
ကျွန်တော် တင်ပေးလိုက်တဲ့ ဓါတ်ပုံကို ကြည့်ဖြစ်တဲ့ ကရင်တွေအားလုံး ရောက်ရာအရပ်ကနေ ကရင်စာပေနှင့်ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းပေးနိုင်ကြပါစေလို့ ဒီနေရာကနေ ဆုတောင်း ပေးလိုက်ပါတယ်။ http://www.facebook.com/media/set/?set=a.204489636242053.52213.100000430549216&l=e10d2d4a36

<<<<<ခင်းခါ့သင့်>>>>>