27.4.11

မှားတာရှိရင် ခွင့်လွတ်ပါ ဆရာတို့ရေ....

တစ်ကယ်တမ်းတော့လူတွေဟာအမှားနဲ့မကင်းနိုင်ပါဘူး။အမှားလုပ်မိတဲ့အထဲမှာကျွန်တော်ကတော့အများဆုံးပေါ့။ မှားတာရှိရင် ခွင့်လွတ်ပါ ဆရာသမားတို့ရေ။အရှုပ်တွေလုပ်ရင်း အလုပ်တွေရှုပ်ရင်းပေါ့။စာလုံးပေါင်းမှာရင် သီး(သည်း)ခံပါ။ မှားမှန် သုံးသပ်တတ်သူတွေ ကူညီကြပါခင်ဗျား။ ဇာတ်လမ်းက ဒီလိုပါခင်ဗျား။
တစ်နေ့မှာတော့အွန်လိုင်းပေါ်တက်ရင်းကရင့်ဘလေါ့ဂါဆိုက်တွေမှာ  ကောင်းရာနိုးနိုးဗဟုသတရတာလေးတွေ ၊သတင်းလေးတွေလိုက်ဖတ်ရင်း C-Box (သို့) Shout Mix box မှာ Command တစ်ခုရေးမိလိုက်ပါတယ်။ ကျွန်တော့်ရေးချက်ကတော့ ဘယ်လောက်ထိမှားသလဲဆိုတာ ကျွန်တော်မသိလိုက်ပါ။ သူငယ်ချင်းတစ်ယောက် ဖုန်းဆက်ပြောလိုက်မှပဲ သိလိုက်ရတယ်။ဝင်ကြည့်လိုက်တော့
ဟုတ်တယ်။ကျွန်တော်ရေးမိလိုက်တဲ့ စာတစ်ကြောင်း၊နှစ်ကြောင်းဟာ အမှတ်တမဲ့ ဖြစ်ပေမယ့် ကိုယ့်ထက် ယဉ်ကျေးတဲ့သူ အသိတရားရှိတဲ့သူတွေ လာဖတ်မိလိုက်တော့ ဇာတ်လမ်းက စပြီပေါ့။ လာဖတ်မိသွားတဲ့ ဆရာသမားက ကျွန်တော်ကိုပြန်ကောလိုက်တာ မိဘတွေရော၊ကရင်လူမျိုးဖြစ်တဲ့ ကျွန်တော်ရော ဆုံးဆည်းရာလိုပဲ။ တော်လိုက်တဲ့ ဆရာတွေရယ်။
Shout Mix box မှာ ကျွန်တော် ရေးသွားတာက ဒီလိုပါခင်ဗျား။
အေးကွာအခုလို Shout box ထားပေးလိုက်တော့ အဆင်ပြေသွားတာပေါ့။
ဒါပေမယ့် ကျွန်တော်သွားရေးမိတဲ့ ဘလေါ့ရဲ့ ပိုင်ရှင်က ကျွန်တော်အဖေ၊မေရွယ်ထက် အသက်ကြီးကြောင်း၊ ဆရာသမားတစ်ဆူက လာပြီးကောပါလေရော။ဖြစ်မှဖြစ်ရလေရယ်ဆရာ ဆုတောင်း ရယ်။ အမှားလုပ်မိတဲ့ ကျွန်တော်ကို ဆရာဆုတောင်း လာပြီး ဆုံးမသွားတာလည်း အတုယူကြပါဦး။ ဆရာဆုတောင်းလို့ ခေါ်လိုက်တာဟာ ကျွန်တော်ကိုဆုံးမသွားတဲ့သူ နာမည် ဆုတောင်းတဲ့။ သူ့ရဲ့ သြ၀ါဒလေးကို ဖတ်ကြည့်ကြရအောင်........
..("ကျော်ဍုံလွေ့" ညီငယ်က ဘလော့ဂ်ပိုင်ရှင်ကိုမသိလို.လား သိရဲ.သားနဲ. မိဘတွေက မသွန်သင်မဆုံးမလို.လား ကြီးသူရိုသေ ငယ်သူလေးစား ကရင်မိသားစုကပေါက်ဖွားတဲ့ )..(ကရင်သသွေးဆို စကာားပြောဆင်ချင်ကွာ မင်းမိဘထက်ကြီးတဲ့ ဒီဘလော့ဂ်ပိုင်ရှင်ကို မင်းကြောင့် ကရင်လူငယ်တွေ အတုမယူစေနဲ. ညီငယ်)..တဲ့
သူပြောသွားတာက ရိုးရိုးရှင်းရှင်းပါပဲ ခင်ဗျား။ဟုတ်ကဲ့ပါခင်းဗျား....တစ်ခါတစ်လေ ချောတိုင်ပေါ်ကနေ လက်ခုပ်သံများလည်း ကြားရတတ်ပါတယ်၊တစ်ခါတစ်လေ ချောတိုင်ပေါ်က ပြုတ်ကျလို့ အထိနာသွားတာတွေလည်း ရှိပါတယ်။ဒီနေရာကနေ ဆရာမေးခွန်းတစ်ချိုကို ပြန်ဖြေပေးလိုက်ပါတယ်နော်။

ပြန်ဖြေမယ်နော်။
ကျွန်တော်နာမည် ..((ကျော်ဍုံလွေ့ မဟုတ်ပါ။))..ကျွန်တော့်နာမည် (စ၀်ဍုံလဲို့ )ပါ။အပြည့်အစုံကတော့ (စ၀်ယှးဍုံလဲို့ )ဆရာ။ ဆရာဆုတောင်းလို ဗမာနည်မည်တော့  မဟုတ်ပါဘူး။ နံပါတ်(၁) မေးခွန်းကို ဖြေပေးရမယ်ဆိုရင် ...ဘလော့ပိုင်ရှင်ကို တစ်ကယ်မသိတာပါ။ သူငယ်ချင်း ပြောဖူးလို့  ကြားဖူးသလောက်ပါပဲ။ 
(၂) မိဘတွေ သွန်သင်ဆုံးမမှု မရှိတာ ကိုဖြေပေးရမယ်ဆိုရင် ..(မရှိဘူးလို့ လည်းပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ...ငယ်ငယ်ကတည်းက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာရလို့ပါ။(မိ)ကတော့ ရှိပေမယ့် တစ်ယောက်တစ်နေရာစီပါ။ ဟိုး..ငယ်ငယ်ကတည်းကပါဆရာ။
(ဘ)..ကတာ့ ကျွန်တော်ကို မဆုံးမလိုက်ရတာကိုတော့ ၉၉ ရာခိုင်နှုန်းပါ။လူမမယ်အရွယ်တုန်းက အဘဆုံးသွားလို့ပါ။
(၃) စကားပြောချင်ရင် တော့ ဖုန်းဆက်လိုက်ပါ။ နံပါတ်ကတော့ (+878009063)ပါ။ ထိုင်းဖုန်းပါပဲ။ ထိုင်းသာဆိုရပေမယ့် ဒုက္ခသည် စခန်းမှာပါ။ကရင်သွေးစစ်စစ် ။
(၄)မင်းမိဘထက်ကြီးတဲ့ ဒီဘလော့ဂ်ပိုင်ရှင်ကို မင်းကြောင့် ကရင်လူငယ်တွေ အတုမယူစေနဲ. ညီငယ်...ဆိုတဲ့ စကားကိုတော့ ကျွန်တော်ဥာဏ်မမီတော့ဘူး ဆရာ။ဆရာပဲတော်တယ်ဆရာပဲလန်းတယ် ဆရာပဲ ကရင်ကို ချစ်မြတ်နိုးတယ်၊ ဆရာပဲ ကရင်သွေးစစ်တယ်ဆရာပဲ မိဆုံးမ၊ ဘဆုံးမတယ်။ နောက်ဆုံးတော့.. ဂျောက်ဂျက်သီချင်းလိုပဲ...ဆရာဆုတောင်းယ်..

မှတ်ချက်။  ။အချိန်ရရင် ရသလို ဆရာ့ရဲ့ blogspot လေးကိုလည်း ကျွန်တော်.....?????????