8.5.11

လေလွင့် ငှက်၏ တေးသီလွှာ


Mother's Day နေ့မှာ အမေ့အတွက်ဘာမှ မလုပ်ပေးနိုင်တာကို ၀မ်းနည်းမိခြင်းနဲ့အတူ ဒီကဗျာလေးနဲ့ပဲ  အမေ့အတွက်ရည်စူးပြီး ဦးညွတ်ပေးလိုက်ပါတယ်။ဒီကဗျာလေးကို ဘလေါ့ဂါသူငယ်ချင်း ငမော့လေး ဆီကနေက ကူးယူခြင်းသာ ဖြစ်ပါသည်။ဘလေါ့လေးနဲ့ ဝေးကွာနေတဲ့သူငယ်ချင်း ငမော့လေး ကိုလည်း သူနဲ့ခံစားချက်ထပ်တူတဲ့ ဒီကဗျာလေးကို ဒုတိယမြောက်ကူးယူခြင်း(သတိရခြင်းဖိတ်စာ)ဖြင့် ဖေါ်ပြပေးလိုက်ပါသည်။

သုံးခါမြောက် ဖြစ်တဲ့
ဆောင်းးပေါက် ရာသီရဲ့
စွတ်စို အေးချမ်းမှုတွေက
ဝေဒနာ ရသ တစ်ခုအတွက်
သတိရ ဖော်ညွှန်းချက် လေလား…
“အဝေးရောက်သား…..သို့”…..ဆိုတဲ့
ခေါင်းစဉ်တပ်…စာအိတ်ဖြူ တွေ
ပျံဝဲ လာနေကြပြန် ပြီ…
ခွင့်လွတ်ပါ…..အမေ…
ေ၀၀ါးဆဲ ဖြစ်တဲ့ အောင်မြင်မှု…..သရုပ်တွေ
ပီပြင်စွာ မဖော်ထုတ်နိုင်…သရွေ့
အမေရဲ့…..ဆုံမစကားတွေကို
အဝေးမြေ…..မှပဲ
ဦးညွှတ် နေပါရစေတော့…..အမေ…။

              လေးစားမိသော ကိုရင်လေး