5.5.13

ကရင်ဟူသည် ဘယ်မှာနည်း

၂၇၅၂ ခုနှစ်-နှစ်သစ်အမြုတေ မှကူးယူဖေါ်ပြပါသည်။ဒီနေရာကနေ ခွင့်တောင်းလိုက်ပါတယ်နော်။ခွင့်ပြုမယ်လို့လည်းမျှော်လင့်မိပါတယ်။

ကရင်ဟူသည် ဘယ်မှာနည်း
ကျော်ထက်ခိုင်(ဖားစည်မြေ)

စာပေစကား၊ အငြင်းပွားကြ
စိတ်ထားမတတ် ၊ကွဲပြတ်ကြလျှင်
ကရင်ဟူသည် ၊ဘယ်မှာနည်း။

ကရင်စာပေ ၊စကားတွေနှင့်
သက်သေတန္တု ၊အကြောင်းပြ၍
စိတ်ခုသွားကြ၊ ကျောခိုင်းကြလျှင်
ကရင်ဟူသည် ၊ဘယ်မှာနည်း။

စာပေလည်းတူ ၊စကားတူပြီး      
စိတ်မူကွဲပြား ၊ခွဲခြားသတ်မှတ်
နေရပ်ဇာတိ၊ ပူတိတစ်မျိုး
မသိမခေါ် ၊မတော်မတည့်
လက်နက်ဖမ်းဆွဲ၊ သတ်ဖြတ်ရဲလျှင်
ကရင်ဟူသည် နာမည်မျိုးမျိုး၊ တန်းဖိုးကျဖွယ် ရှိချေလိမ့်။

အို…..အဆွေကရင်

ဆင်ခြင်ပိုင်းခြား ၊အတွေးပွားလော့။

ပထ၀ီတစ်ကျော၊ ရေပြင်နှော၍
လောကအရှုပ် ၊လှိုင်းပုတ်လွင့်ရာ
ကံကြမ္မာကို ၊ဘွာမခတ်ကြေး
သတ္တိသွေးလော့။

ခွဲရေးတွဲရေး၊ ထိုနှစ်ရေး
တွဲရေးကိုသာ ၊လက်ခံပါလော့။

သတ်ရေးဖြတ်ရေး၊ ကွဲပြားရေးနှင့်
ဆဲရေးတစ်မျိုး ၊မုန်းအငြိုးကို
ရိုက်ချိုးပယ်ဖျက် ၊ယုံကြည်ချက်ဖြင့်
နံနက်မိုးချုပ် ၊မုဟုတ်ခဏ
ကာလရွေ့လျား ၊ကြာမြင့်သွားလည်း
စိတ်ထားဖြူစင်၊ ဘိုးဘေးဘင်မှ
ကရင်လူမျိုး ဆထက်တိုးအောင် ကြံဆောင်ထမ်းပိုး
ဖွံ့ဖြိုးဝေစီ သင်-ရပ်တည်လော့။

၂၇၅၂ -နှစ်သစ်အမြုတေ မှကူးယူသည်။