1.2.11

ဒီလိုသဘော ပိုး+စကော...

အှ်ဆံင်းလာဆ်ါကိုဝ်ဟှာဍေ။

ဒီနေ့ဟာ ကရင်လူမျိုးတို့ရဲ့ ၆၂ ပြည့် ကရင်တော်လှန်ရေးနေ့ဖြစ်ပါတယ်။ကရင့်တော်လှန်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ကျွန်တော်နေတဲ့ နေရာ(သို့)Camp မှာ စတိတ်ရှိုး (live show) ကို ၂ည တိုင်တိုင်ကျင်းပပေးနေကြပါတယ်။ကရင့်တော်လှန်ရေးနေ့ပွဲတော်နှင့်အတူ ..ကိုယ်တိုင်တွေ့ခဲ့ရတဲ့ အဖြစ်ပျက်လေး တစ်ခုကိုပြောပြချင်ပါတယ်။၃၀-၃၁.၁.၂၀၁၁နေ့မှာကရင့်တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နာမည်ကျော်ကရင်အဆိုတော်တွေလာပြီးသီချင်းလာဆိုသွားပါတယ်။ပိုးကရင်အဆိုတော် ကလွဲရင်ပေါ့။အဲဒီ အဆိုတော် ထဲမှာ ပိုး+စကော တစ်ယောက်ပါတယ်။သူက ပိုးကရင်-စကောကရင် နှစ်မျိုးစလုံး ဆိုလို့ရတယ်။သီချင်းခွေတွေ ထုတ်ရင် စကောကရင်လိုဘဲထုတ်ဖြစ်တယ်။၃၀ရက်နေ့ညမှာ သူကသီချင်းတွေဆိုသွားတယ်။စကောကရင်လို ဆိုလိုက်တဲ့ အချိန်မှာ အားပေးတဲ့ အသံတွေကတော့ ကျေနပ်စရာပဲ။ဒါပေမယ့် ဒါပေမယ့် ဒါပေမယ့် ..
။ သူကပြောလိုက်တယ်."ကျွန်တော်ဟာ ပိုးကရင်တစ်ယောက်ပါ။ဒါကြောင့် ဒီကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြုပွဲတော်နှင့်အတူ ကျွန်တော် ပိုးကရင်လို သီချင်းတစ်ပုဒ်ဆိုပေးသွားပါမယ်" လို့ ပြောပြီး ပရိတ်သတ်တွေကို နှုတ်ဆက်လိုက်တာပေါ့။အှ်ဆံင်းလာဆါ် (အောဆွန်းလာဆိုက်)တဲ့။ပိုးကရင်လိုပြောတာ ပီပါတယ်။အခု ကျွန်တော်ပြောချင်တာကတော့ သီချင်းဆိုတဲ့သူ ကိုပြောချင်တာ မဟုတ်ပါဘူး။ဆွေပွဲလာ ပရိတ်သတ် တွေကိုပြောချင်တာပါ။အဖြစ်က ဒီလိုခင်ဗျား "အဲဒီနာမည် ကြီးအဆိုတော်က ပိုးကရင်လို ဆိုလည်း ဆိုရော......(မပီလို့ မဟုတ်ဘူးနော်။) သီချင်းကကောင်းလည်းကောင်းတယ်။ပီလည်းပီတယ်။မှတ်မှတ်ရရပြောရရင် သူ့သီချင်းနာမည်က "ဆ်ုအဲလင်မာ"တဲ့ ။ဒါပေမယ့်  ပိုးကရင် သီချင်းကိုဆိုလည်းဆိုရော ပရိတ်သတ်တွေက ထပြန်သွားရော ။ ပရိတ်သတ်တွေ ကုန်သလောက်နီးပါး ဖြစ်သွားတယ်။အာပါ ..ဒီအချိန်မှာ ပိုးကရင်ဖြစ်တဲ့ ကျွန်တော်က ဘယ်လိုနေရထိုင်ရမှန်း မသိပဲ ဖြစ်နေတယ်။ဘယ်လိုဖြစ်သွားတာတုန်း..ဘာတွေဖြစ်သွားတာတုန်း လို့မေးလိုက်ချင်တယ်။တကယ်ပါ တကယ်ပါ..ကျွန်တော့စိတ်ထဲမှာ လုံးဝလုံးဝ မကောင်းပဲဖြစ်နေမိတာ အမှန်ပါ။စကောကရင် သီချင်းမှ အားပေးမယ့် သဘောလား။ပိုးကရင်ကရော ကရင်လူမျိုး ပဲမဟုတ်ဘူးလား လို့ မေးလိုက်ချင်တယ်။အဲဒီ စိတ်ဓါတ်တွေကို ဘယ်သူတွေကများလာပြီး သွင်းပေးလိုက်လဲမသိဘူးနော်။ ရေးချင်တာအများကြီးပဲ..မေးချင်တာလည်းအများကြီးပဲ။ကရင်လူမျိုးထဲမှာတောင်မှ(စကောကရင်)ဖြစ်နေရမယ့် သဘောတွေ ရှိနေသရောလား.....
ပိုးကရင်စကားပုံတစ်ခုကို သတိရမိနေတယ်..( ပ်ုအေလင်ဖါ ခေ၀့်မ်ုအါင်း) တဲ့။ ဘလေါ့ဂါ မန်းကိုကို ပြောသလို **ရင်မောတယ်၊ရင်လေးတယ်**။