12.8.13

ဆိုလိုချင်တာက ဒီလိုပါ။

ဒီပုံကတော့ ကရင့်အာဇာနည်နေ့ကို ဂုဏ်ပြုချင်လို့ Facebook ထဲက သူငယ်ချင်းတွေရဲ့ Profile ပုံတွေကို စုစည်းပြီး ကျွန်တော်ပြောချင်သော စကားလုံးတွေကို ဒီပုံမှာ ဖေါ်ပြထားပါတယ်။ ဒါကတော့ ကျွန်တော်ရဲ့ ကိုယ်ပိုင် အတွေးတွေနဲ့ လုပ်ထားတဲ့ ဓါတ်ပုံတွေပါ။ ရိုးရိုးနဲ့ရှုပ်ရှုပ်ပွပွလေးတွေပါ။ စုစည်းမှုမရှိတဲ့ အမြင်လေး လုပ်ထားတယ်။ ကြည့်တဲ့သူ အမြင်ကရော ဘယ်လိုမြင်ပါသလဲ။
(၁) အလံ
(၂) စောဘဦးကြီးရဲ့ပုံတွေ
(၃) စုစည်းညီညာမှု
(၄) ပုံအကြီးနဲ့အသေး
(၅) ပုံအတိုနဲ့အရှည်.. စသည့်ဖြင့် အကြမ်းဖျင်း မြင်နိုင်ပါသည်။ ဒီထက်မက မြင်ချင်လည်း မြင်လို့ရပါသေးသည်။
ဒီလိုဆိုတော့ ကျွန်တော်က ဘာကိုပြောချင်သည်ကို သဘောပေါက်မည်ထင်ပါသည်။ လက်ရှိကျွန်တော်တို့ရဲ့ ကရင်လူမျိုးတွေဖြစ်ပျက်ရပ်တည်မှုတစ်ချို့ကို ဥာဏ်မှီသလောက် လက်ရာသပ်ရပ်မှုမရှိပဲနဲ့ပြောချင်တဲ့ စကားလုံး လေးတွေပေါ်အောင် လုပ်ထားခြင်းဖြစ်ပါသည်။ ကရင့်အာဇာနည်နေ့ ကို ဂုဏ်ပြုလေးစားသော Facebook ပေါ်က သူငယ်ချင်းတွေကိုလည်း အထူးလေးစားမိပါကြောင်းနဲ့ Profile ပုံနဲ့ နာမည်တွေကို ပိုင်ရှင်မသိပဲ ယူငင်သုံးယူသွားတာကို ဒီနေရာကနေ အနူးညွတ်တောင်းပန်အပ်ပါသည်။