18.11.10

ရင်ခွင့်မဲ့ ငှက်တစ်ကောင်

 မူရင်းက ဒီ မှာပါ။အရမ်းကြိုက်လို့အိမ်မှာပြန်ချိတ်လိုက်ပါတယ်။
             
ငါတို့ရဲ့ အတောင်ပံ ဖြန့်ထုတ်လို့
မိသားစုနဲ့ဝေးရာ တဖက်ကိုငါတို့ ပျံသန်းခဲ့တယ်
သာယာတဲ့ မိသားစုလေးဖြစ်ဖို့
ငါတို့တွေ အစွမ်းကုန် ကြိုးစားခဲ့ကြတယ်
တကယ်တော့ ငါတို့ဟာ ရင်ခွင်မဲ့ ငှက်တကောင်သာ…..
အဝေးက ငါတို့အိမ်လေး လှပဖို့
ငါတို့တွေ ဟိုကမ္ဘာတဖက်ကို စားကျက်ဖြန့်ခဲ့ကြတယ်…
သာယာသံတွေ ပျော်ရွယ်ဖွယ် အော်ဟစ်သံတွေနဲ့
ဖြန့်ကျက်ထားတဲ့ အိမ်လေးနဲ့ ဝေးရာကိုပေါ့
တကယ်တော့ ငါတို့ဟာ ရင်ခွင်မဲ့ ငှက်တကောင်သာ…..

တခါတလေ အတောင်ညောင်းလို့ ရပ်နားလိုက်တော့
ပတ်ဝန်းကျင်က ငှက်ဆိုးများရဲ့ တရစပ်ထိုးနှက်မှု
တိုက်ခတ်မှုတွေရဲ့ ဒဏ်ကိုခံရတာကလဲ အလူးအလဲ…….
ဒါပေမဲ့ ငါတို့ကျေနပ်ပါတယ်….
ငါတို့ပျံသန်းခဲ့တာ ငါတို့ကိုယ်တိုင် ရွေးချယ်ခဲ့တာ

တခါတလေ ငါတို့မျိုးတူတွေရဲ့ အသံများကြားလိုက်ရင်
ငါတို့မောပန်းခဲ့တာတွေ ပျောက်ကွယ်ပေါ့…..
တကယ်တော့ ငါတို့ ဦးတည်ချက်ပျောက်နေပေမဲ့
ငါတို့ အိမ်လေးအတွက် ဆက်ပျံသန်းဆဲပါ
တကယ်တော့ ငါတို့ဟာ ရင်ခွင်မဲ့ ငှက်တကောင်သာ…..

အချိန်တန်တော့လဲ အိမ်အပြန်လမ်းကို
ငါတို့ မမှားမယွင်း လမ်းမပျောက်ပဲ ပျံသန်းကြရမှာပါပဲ
ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုအသိုက်အမြုံလေးထဲ
ငါတို့တွေ ပြန်ခိုလှုံလို့ ပျံသန်းခဲ့ကြရမှာပါ
လက်ရှိချိန်တော့ ငါတို့ဟာ ရင်ခွင်မဲ့ ငှက်တကောင်အဖြစ်သာ……