25.9.10

အလင်းမဲ့ လမင်း

google မှာ ရိုက်လိုက်တဲ့အချိန်မှာ ဒီပို့စ်တွေ့လိုက်တယ်ဗျာ။တန်ဖိုးရှိလိုက်တာ။ဖတ်ကြည့်ပါဦး။မူရင်းက
ဒီ မှာပါ။

ကမ္ဘာပေါ်တွင် နေထိုင်ကြသော လူသားတို့သည် နေ၏အလင်းရောင်ကြောင့် နေ့နှင့်ညဟု ခွဲခြား၍ သိနိုင်သည်။ နေ၏အလင်းရောင်မရှိလျှင် နေ့နှင့်ညဟူ၍ ခွဲခြားသိနိုင်လိမ့်မည် မဟုတ်ပေ။ လူသားတို့အနေဖြင့် အရှေ့က နေ၏အလင်းရောင်ကို မြင်ရသော အချိန်မှာ နေ့ဟု သတ်မှတ်ကာ အလုပ်လုပ်ခဲ့ကြသည်။ အနောက်သို့ နေ၀င်သွား၍ အမှောင်ကျလာလျှင် ညဟုသတ်မှတ်ကြသည်။ အလင်းရောင်သည် လူသားတို့အတွက် မရှိမဖြစ် လိုအပ်သောအရာတစ်ခုဖြစ်သည်။

လ၏သဘာဝသည် ကိုယ်ပိုင်အလင်းရောင် (ရောင်ပြန်ဟမှု) မရှိချေ။ သို့သော် နေ၏အလင်းရောင်
(ရောင်ပြန်ဟမှု)ကြေင့် မှောင်နေသောအချန်ကို လူသားတို့အတွက် လသည် ပြန်ပြီး လင်းလက်စေသည်။ အေးမြသော အလင်းရောင်ကြောင့် လူသားတို့ အနားယူအပန်းဖြေဖို့ အကောင်းဆုံးအချန်ဖြစ်လေသည်။ လသည် နေရောင်ကို မရသောအခါများမှာ ညသည် မှောင်မြဲ မှောင်နေပြန်တော့သည်။ ထို့ကြောင့် မှောင်နေသော ညအချိန်ကို အလင်းရောင်ပြန်ရအောင် လူသားတို့ ကြိုးစားအားထုတ်ခဲ့ရလေသည်။ ပညာတတ်မှသာလျှင် အလင်းရောင်ရပြီး တီထွင်နိုင်မည်ဖြစ်လေသည်။

လူ့လောကတွင် ပညာတတ် မတတ်ကို စာပေနှင့် တိုင်းတာကြသည်။

စာမတတ်လျှင် ပညာမတတ်ဟု သတမှတ်သော ခေတ်ကာလဖြစ်နေသည်။ ထိုခေတ်ကာလအတွင်းမှာ နေထိုင်ကြသော လူသားတို့သည် မိမိလူမျိုးနှင့် တိုင်းပြည်အတွက် အလင်းရောင်ရဖို့ စာပေကို အရင်သင်ယူကြရသည်။ စာတတ်မှာသာ စာပေမှာ လာသည့်အတိုင်း အလင်းရောင်ကို တီထွင် ပြုလုပ်နိုင်မည် ဖြစ်ပေသည်။ နေ၏ အလင်းရေင် မရှိသော ညအချိန်မှာ အလင်းရောင်ကို ဖြစ်စေနိုင်သော မီးစက်၊ စသည်ဖြင့် တီထွင်ကြရတော့သည်။ စာပေသည် လူသားများအတွက် အလင်းရောင်သဖယ်ဖြစ်နေပေသည်။ အမှား အမှန်ကိုလည်း ခွဲခြားသိနိုင်ခွင့် ရလေသည်။ စာပေမရှိလျှင် လူသားတို့၏ ဘ၀သည် အလင်းမဲ့သော ညကမ္ဘာကြီးထဲမှာ နေထိုင်ရသည့်နှင့် တူပါသည်။
ယနေ့ တိုးတက်သော နိုင်ငံများရှိ လူမျိုးတို့သည် သူတို့ရဲ့စာပေအဆင့်အတန်း တိုးတက် မြင့်သောကြောင့် ကမ္ဘာမှာ ထိပ်တန်းရောက်ခဲ့သည်။ ထိုလူမျိုးတို့သည် သူတို့၏စာပေကို တိုးတက်သည်နှင့်အညီ သိပ္ပံပညာကို ထွန်းကာလာအောင် ပြုလုပ်နိုင်ခဲ့သည်။ ဘယ်လို့မှ မဖြစ်နိုင်သောအရာကို ဖြစ်လာအောင် ထိုလူမျိုးများက လုပ်ပြနိုင်ခဲ့သည်။ ထိုလူမျိုးတို့၏ စာပေနှင့် နည်းစနစ်ကို ကရင်လူမျိုးများ အတုယူသင့်ပေသည်။
ကရင်လူမျိုးများသည် ဤကမ္ဘာပေါ်မှာ နေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းနှစ်ထောင်ကျော်ရှိခဲ့ပြီးဖြစ်သည်။ သို့သော် ထိုလူမျိုးများကဲ့သို့ ကရင်လူမျိုးများက ထိပ်တန်းရောက်အောင် မလုပ်နိုင်ခဲ့ကြချေ။ မလုပ်နိုင်ခြင်း၏ အကြောင်းမှာ ဟိုတုန်းက ကရင်လူမျိုးသာရှိခဲ့ပြီး ကရင်စာပေကို တီထွင်မည့်သူ မရှိသေးသောကြောင့် တိုးတက်မှု နှေးကွေးရခြင်းဖြစ်လေသည်။

ရှေးကရင်လူမျိုးတို့သည် ထိုအချိန်တုန်းက စာပေမသုံးသေးသောကြောင့် အလင်းမဲ့လမင်းကဲ့သို့ ဘ၀ကိုဖြတ်သန်းခဲ့ကြရသည်။ ကရင်ပညာရှိ ဖူ့ဒိုက်ကော် မှ ပိဋကသုံးပုံကို ကရင်ဘာသာဖြင့် ပြန်ဆိုခဲ့သည်။ ပုဂံ - သထုံ မွန် - ဗမာအရေးအခင်းကြောင့် ကရင်စာပေတစ်ခေတ် မှေးမှိန်ခဲ့ရသည်။

ဖူ့ကျိုက်တာမိုက် (အရှင်နန္ဒမာလာ)ခေတ်သို့ ရောက်သောအခါ ကရင်တိုင်းရင်းသားများ ဖိနှိပ်မမှု မခံရလေအောင် ကရင်စာပေကို ပြန်လည်အသက်သွင်းခဲ့ပြန်သည်။ ထိုအခါမှစ၍ ကရင်အမျိုးသား ရဟန်း ရှင် လူများ အဆင့်အဆင့်ထိန်းသိမ်းလာခဲ့ကြရာ ယနေ့ သုတရသ ရေးသားဖတ်ရှု စာစောင် ထုတ်ဝေနိုင်သည့်အထိ တိုးတက်လာခဲ့သည်ဟု ဆိုရပေမည်ဖြစ်သည်။ မျိုးဆက်သစ်တို့ ဆက်လက်ထိန်းသိမ်း ဖေါ်ထုတ်ရန်သာ လိုအပ်ပါတော့သည်။
ထို့ကြောင့် ကရင်ဖြစ်နေလျှင် မိမိလူမျိုး၏ စာပေကို မဖြစ်မနေ တတ်မြောက်ဖို့လိုအပ်ပါသည်။ သို့သော် တိုးတက်မှုမရှိသေးသော ရွာတွေမှာ ကရင်စာပေကို ပို့ချသူနှင့် သင်ယူသူ အားနည်းနေသေးသည်ကို တွေ့ရပါသည်။

မြို့နေ ကရင်ဆိုလျှင် စာပေကို မသင်ယူသည်သာမက ကရင့်စကားကိုလည်း မပြောကြတော့ချေ။ ကြာလာသည့်နှင့်အမျှ မပြုပြင်နိုင်လျှင် မျိုးဆက်သစ်ကရင်လူငယ်များ၏ ဘ၀သည် ကရင်စာပေနှင့် ပတ်သက်လာလျှင် နေရောင်ခြည်မရေသော =အလင်းမဲ့လမင်းဘ၀=ဖြစ်နေပါလိမ့်မည်။

ဤကမ္ဘာမှာ မိမိတို့ကရင်လူမျိုးကို ကြာရှည်တည်တံ့နိုင်ဖို့ မိမိတို့၏မျိုးဆက်သစ် ကလေးများကို ကရင်စာပေနှင့် စကားကို သင်ပေးကြပါဟု တိုက်တွန်းလိုက်ရပေသည်။

လမင်း (ဇွဲကပင်)