18.2.10

တတိယနိုင်ငံဟုခေါ်သော ပထမကမ္ဘာသို့...

တတိယနိုင်ငံဆိုတာက ဂျပန်၊မြန်မာပြည်ကလွဲပြီး တတိယမြောက်တနိုင်ငံကိုခေါ်တာပါ။
စစ်အေးခေတ်က တတိယကမ္ဘာ့နိုင်ငံများဖြစ်တဲ့ နိုင်ငံတွေကို ဆိုလိုတာမဟုတ်ပါ။ ပြောရရင် မြန်မာပြည်ဟာ တတိယကမ္ဘာ့နိုင်ငံတခုဖြစ်ခဲ့တာပါပဲ.။..
ဒီအတိုင်းပဲ အမေရိကန်ပြည်ထောင်စု ဆိုတာက ပထမကမ္ဘာ့နိုင်ငံတွေရဲ့ ဦးဆောင် နိုင်ငံကြီးပါ။ ပထမနိုင်ငံဖြစ်ပါတယ်..။

ပြောချင်တာက ဒီနေ့ အင်တာနက်ထဲ လိုက်နှိုက်ရင်း တွေ့တဲ့သတင်းလေးတခုအကြောင်းပါ။ ဂျပန်နိုင်ငံက မိုးသောက်ကြယ် ၀က်ဘ်ဆိုက်ကဖြစ်ပါတယ်။
သတင်းအရ ဒီနှစ်ထဲအမေရိကကို လာမဲ့ မြန်မာတွေ ရှိလာမဲ့ပုံရပါတယ်။ တချို့ ရောက်လာနေတာတွေတောင် တွေ့နေရပါတယ်..။အဲဒါကြောင့် ဒီလပိုင်း အမေရိကန်ပြည်ထောင်စုရဲ့ သန်းကောင်စာရင်းကိစ္စတွေအတွက် စာတွေလိုက်ဖတ်ရင်းတွေ့တာလေး တချို့ ဝေမျှချင်လို့ ပါ။
ယူအက်စ်ကို ပြောင်းရွေ့ခိုလှုံသူတွေ၊နိုင်ငံရေးခိုလှုံကြသူတွေ ဆိုတာ ကမ္ဘာ့နိုင်ငံတော်တော်များများကရှိပေမဲ့(လာကြပေမဲ့) မြန်မာတွေအတွက်တော့ (တခြားနိုင်ငံတွေနဲ့စာရင်)လျှောက်ရင် ရဖို့ ဆိုတာက ဖြစ်နိုင်ချေတော်တော်များတယ်လို့ စာရင်းဒေတာတွေအရတွေ့ရပါတယ်။
ယူအက်စ်မြေနင်းပြီးမှ လျှောက်လာရင် ရာခိုင်နှုန်းအားဖြင့် ၆၀ကျော် ၇၀လောက်ကို နိုင်ငံရေးခိုလှုံခွင့်ပေးနေပြီး မြန်မာဟာ (အရဆုံး)အပေးဆုံးနိုင်ငံဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ပြောင်းခိုသူတွေလက်ခံရာမှာလည်း မြန်မာပြည်ကလူတွေက ကိုတာ အများဆုံးရနေတာပါ။ ဒီနှစ်ကုန်မှာ ရပ်လိုက်ဖို့ရှိတယ် သတင်းထွက်နေပေမဲ့ စာရင်းအရ လူဦးရေ၆သောင်းကျော်လောက် ဖြစ်နေတာတွေ့ရပါတယ်။
ဒါပေမဲ့ ဒီနှစ်ထဲမှာပဲ ယူအက်စ်ကလည်း မြန်မာပြည်နဲ့ ပတ်သက်တဲ့ပေါ်လစီတွေ ပြောင်းပြင်ဖို့ အခြေအနေတော်တော်များနေပါတယ်။
ပေါ်လစီအပြောင်းအလဲဟာ ပြောင်းခိုသူတွေနဲ့ နိုင်ငံရေးအရခိုလှုံသူတွေအပေါ် အကျိုးသက်ရောက်မှုရှိမှာမို့  အမေရိကလာဖို့ စဉ်းစားချင့်ချိန်နေကြရင်လည်း မြန်မြန်ထက်ထက် လာကြဖို့ တိုက်တွန်းရင်းနဲ့ ကြိုဆိုကြောင်းပြောပါရစေ…။


ဒီပို့ လေးကိုကြိုက်လို့  ပြန်လည်ဖေါ်ပြခြင်းသာဖြစ်သည်။