12.2.10

ရင်ဆိုင်တိုက်ပွဲ တို့ဆင်နွဲစို့

ရင်ဆိုင်တိုက်ပွဲ တို့ဆင်နွဲစို့နိုင်ငံတကာရောက် မဟာမိတ်အဖွဲ့များနှင့် အထူးသဖြင့်ကရင်များခင်ဗျာ………
မိမိတို့ရောက်ရာတိုင်းပြည်နိုင်ငံများကနေပြီးယခုလက်ရှိဖြစ်ပေါ်နေသော နအဖဗမာစစ်တပ်တို့၏ တိုင်းရင်းသားကရင်တို့အပေါ် လူမျိုးတုန်းသတ်ဖြတ်နေမှုများ၊ နယ်မြေစိုးမိုးရေးအတွက် ကရင်ကျေးရွာများ၊ အိုးအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးနေမှုများ၊ တိုင်းရင်းသူများအား လိုင်စင်ရ မှုဒိန်းမှုများဆင့်ပွားကျူးလွန်နေမှုများ ရပ်တန်းကရပ်ရန်ဖိအားပေးကြဖို့ နိုင်ငံတကာနှင့် ကမ္ဘာ့နိုင်ငအသီးသီးတို့အားကျယ်ကျယ်လောင်လောင် အသိပေးဆော်သြသင့်ပြီ။


နိုင်ငံတကာနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတို ၏စစ်မှန်သော ဝိုင်းဝန်းထောက်ခံမှုနှင့် လေးနက်သော
ဖိအားပေးမှုများ လက်တွေ့ကျကျလိုက်ပါလာကြစေရန်အလို့ငှာ မိမိတို့ရောက်ရာနိုင်ငံ၊ မြို့ရွာများမှ
ပြိုင်တူအုံကြွပြီး ဆိုင်ရာ နိုင်ငံတွင်ရှိသော နိုင်ငံခြားရေး ဝန်ကြီးရုံး၊ မြန်မာသံရုံး၊ထိုင်းသံရုံး၊ တရုတ်၊
ရုရှား၊အိန္ဒိယသံရုံးတို့ကိုမိမိတို့လိုအပ်ချက်များအားဆန္ဒပြတောင်းဆိုတိုက်ပွဲဝင်သင့်တယ်။မြန်မာပြည်အရှေ့ဖက်ခြမ်းရှိ ဒုက္ခသည်များအားပြန်မပို့ရန်နှင့် ထိုင်းနိုင်ငံရှိဒုက္ခသည်စခန်းများတွင်ဒုက္ခသည်အဖြစ် နေထိုင်ခိုလှုံခွင့်ပေးရန် ထိုင်းသံရုံးမှတဆင့်ထိုင်းဘုရင်မင်းမြတ်ထံသို့အသနားခံစာများရေးပို့ကြရန်အထူးလိုအပ်ပါတယ်။ဒီမိုကရေစီနှင့် စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စု
ကြီးတည်ဆောက်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အမျိုးသားပြန်လည်သင့်မြတ်ကြရေးကို ရှေးရှုအကောင်အထည်ဖော်သောအနေနဲ့ဒီမိုကရေစီနှင့်တိုင်းရင်းသားမဟာမိတ်များကမြန်မာပြည်အရှေ့ဖက်အခြမ်းရှိကရင်တိုင်းရင်းသားများ၊ ဒုက္ခသည်များအရေးတွင်အတူတကွပူးတွဲပြီးကမ္ဘာသို့အရေးဆိုကြရန်အပူတပြင်းလုပ်ဆောင်သင့်ပြီ။(၈၈)အရေးအခင်းမှာ ဝုန်းကနဲအုံကြွ မီးထတောက်ခဲ့ပြီး၊ရွှေဝါရောင်တော်လှန်ရေးမှာလဲ ဝုန်းကနဲ အုံကြွ မီးထတောက်ပြန်ပြီးပြီ။ ကျုပ်တို့ရဲ့အမျိုးချစ်စိတ်၊နိုင်ငံချစ်စိတ်ဟာကောက်ရိုးမီးလိုလောင်မြန်၊ငြိမ်းမြန်သည့်နှယ်ဖြစ်စေမှာလား။သူတို့လုပ်နေတဲ့စစ်အာဏာရှင်တည်မြဲရေးအတွက်တိုင်းရင်းသားတွေအပေါ် လူမျိုးတုံး သတ်ဖြတ်နေမှုများကိုဆက်မလုပ်နိုင်စေရန်နှင့် အဲဒီလူမျိုးကြီးဝါဒကိုအခြေခံတဲ့စစ်အာဏာရှင်စနစ် ကျဆုံးစေဖို့ တတ်အားသရွေ့ ဝိုင်းဝန်းလုပ်ဆောက်ကြပါစို့။